Join for FREE | Take the Tour Lost Password?
[x]

deviantART

 
About Me Member Deviously Deviant thetmgmgMale/Myanmar Recent Activity Deviant for 2 Years
Needs Premium Membership
Statistics 0 Deviations
1 Comment
245 Pageviews

Newest Deviations

No deviations yet.

Favourites

No favourites yet.

Watchers

No watchers yet.

တားေ&#

Fri Oct 10, 2008, 1:23 AM
တားရော့ဗေဒင်စာအုပ်တိုင်းမှာ သမိုင်းတွေကို အမျိုးမျိုးရေးသားကြပါတယ်။ တစ်ချို့က ဂျစ်ပစီ ပညာဆိုပြီးရေးကြပါတယ်။ တစ်ချို့တွေက တားရော့ကို တီထွင်သူဟာ တရုတ်နှင့် အိန္ဒိယလို့ ရေးကြ ပါတယ်။
တားရော့သည် ဂျစ်ပစီပညာမဟုတ်ပါ။ တားရော့သည် လွန်ခဲ့သော နှစ်ပေါင်းထောင်ကျော်က စတင်ပေါ်ပေါက်လာသော ပညာရပ်တစ်ခုဖြစ်သည်။ ထိုပညာရပ်ဟာ ဂျူးလူမျိုးတို့ရဲ့ တမာန်တော် မော့ဆက်ရဲ့ သမ္မာကျမ်းစာတွေထဲမှ ကဗလာစနစ်ကို အခြေခံပြီး တီထွင်ခဲ့တာဖြစ်ပါတယ်။ တားရော့ကို စတင်တီထွင်သူကို မသိရသေးသော်လည်း တားရော့ကို စတင်အသုံးချသွားသူများကတော့ အီဂျစ်နိုင်ငံမှ ဖာရိုမင်းဆက်တွေဖြစ်တယ်။
အီဂျစ်ဖာရိုမင်းတွေ ဂျူးနယ်မြေတွေကို သိမ်းပိုက်တဲ့အခါ တားရော့ပညာအပြင် အခြားပညာတွေပါ ရရှိ ခဲ့ကြခြင်းဖြစ်တယ်။ အီဂျစ်ဖာရိုမင်းဆက် ပျက်စီးပြီးနောက် ဒီပညာဟာ ဥရောပနိုင်ငံတွေကို ရောက်ရှိခဲ့ ပါတယ်။ အီတလီနိုင်ငံ ရောမမြို့မှာရှိတဲ့ ဘုန်းတော်ကြီးတွေက ဥရောပနိုင်ငံတွေမှာ ပထမဆုံးတွင်ကျယ်စွာ အသုံး ပြုခဲ့ကြပါတယ်။
ထိုဘုန်းကြီးတွေက တာရော့ကို ဘုရားသခင်ကပေးသော လက်ဆောင်လို့တောင် တင်စားခေါ်ဝေါ် အသုံးပြုခဲ့ကြတယ်။ ထိုအချိန်အထိ အသုံးပြုခဲ့တဲ့ တားရော့ကတ်တွေဟာ မေဂျာ ၂၂ချပ်ပဲ ရှိပါသေးတယ်။
ထိုအချိန်က တားရော့ကို အီဂျစ်နာမည် တာရိုလို့ပဲ ခေါ်ကြတယ်။ ဘုန်းတော်ကြီးတွေမှတစ်ပါး ကျန်လူများက အသုံးချခွင့် မရခဲ့ကြပါဘူး။
မိုင်နာတားရော့ကို ပထမဆုံးစတင်တီထွင်စဉ်က အပျင်းပြေကစားဖို့သာဖြစ်ပါတယ်။ ၁၃၇၇ ခုနှစ် တွင် ဆွစ်ဇာလန်နိုင်ငံမှ စတင်ထုတ်ဝေခဲ့ပါတယ်။ ထိုဖဲထုပ်မှာ အုပ်စု ၄စုပါဝင်ပြီး အုပ်စုတစ်ခု၌ ဖဲချပ် ၁၃ချပ်သာပါဝင်ပါသည်။ အုပ်စုတွေရဲ့ အမည်တွေက ခွက်၊ ဓား၊ တုတ်နှင့် ဒင်္ဂါးတို့ဖြစ်ပါတယ်။
၁၃ချပ်ပါဝင်ပုံကတော့ နံပါတ် ၁ မှ ၁၀ အထိ ၁၀ချပ်နဲ့ မင်းစေ၊ သူရဲကောင်းနှင့် ဘုရင်တို့ဖြစ်ပါ တယ်။ ဥရောပအောက်ပိုင်းနိုင်ငံတွေက တုတ်တံကို တုတ်ချောင်းနဲ့ ဒင်္ဂါးကို စက်ဝိုင်းလို့ ပြောင်းလဲခဲ့ကြပါ တယ်။ ထိုခေတ်က ပုံနှိပ်စက်တွေ မပေါ်သေးချိန်ဖြစ်လို့ ကတ်ပြားတွေပေါ်မှာ ပုံဆွဲပြီး ရောင်းချခဲ့ကြ ပါတယ်။
အီတလီနိုင်ငံကို ဖဲချပ်တွေစတင်ရောက်ချိန်ကတော့ ၁၄၄၂ ခုနှစ်မှာ ရောက်ရှိခဲ့ခြင်းဖြစ်တယ်။ အီတလီလူမျိုးတွေက တာရို ကို တာရိုစီလို့ခေါ်ကြပါတယ်။ ၁၄၅၇ ခုနှစ်ထိ မိုင်နာကတ်တွေဟာ ၁၃ချပ်ပဲ ရှိပါသေးတယ်။ ၁၅၀၀ ပြည့်နှစ် ပတ်ဝန်းကျင်မှာ အီတလီပညာရှင်တွေက ၁၃ကတ်နေရာမှာ ဘုရင်မထပ် ဖြည့်လိုက်တဲ့အတွက် ၁၃ကတ်ဟာ ၁၄ချပ်စီဖြစ်လာတာ ယနေ့ထိအောင်ဖြစ်ပါတယ်။ ထို မိုင်နာဖဲထုပ်ကို ကံကြမ္မာဟောဗေဒင်အဖြစ် ၁၅၄၀ခုနှစ်မှာ တီထွင်အသုံးပြုစမ်းသပ်ခဲ့ပါတယ်။ ၁၆၀၀ ကျော်မှစ၍ မေဂျာဖဲ ၂၂ချပ်နှင့် မိုင်နာဖဲ ၅၆ချပ်ကို ပေါင်းစပ်၍ ၇၈ချပ်ကို ပြင်သစ် လူမျိုးတွေက တားရော့လို့ခေါ်ဝေါ်ခဲ့ကြတာ ယနေ့အချိန်အထိ ဖြစ်ပါတယ်။ ၁၇၀၀ ပတ်ဝန်းကျင်မှစ၍ တားရော့ကို မှော်ပညာနှင့်ပေါင်းစပ်၍ ကံကြမ္မာ ဖတ်ဗေဒင်အဖြစ် အသုံးပြုလာကြတယ်။
၁၇၈၀ မှစ၍ ပထမဆုံး မှော်ပညာ ပါဝင်တဲ့ တားရော့ ၇၈ချပ်ကို ပြင်သစ်နိုင်ငံ မာဆိုင်းမြို့မှာ စတင်ပုံနှိပ် ထုတ်ဝေခဲ့တယ်။ ၎င်းင်းတားရော့ကို ဂျစ်ပစီတွေက ကံကြမ္မာဖတ်ဗေဒင်အဖြစ်နဲ့ ဥရောပတစ်ခွင် လှည့်လည် ဟောကြားခဲ့ကြပါတယ်။
၁၈၀၀ ပြည့်ဝန်းကျင်မှာ ကံကြမ္မာဖဲထုပ်နှင့် ကစားတဲ့ဖဲ ရောနေတဲ့အတွက် ခွဲ၍ထုတ်ဝေခဲ့ကြပါ တယ်။ တားရော့မှာပါတဲ့ ခွက်ကို ဖူးနီ၊ တုတ်ကို ညှင်း၊ ဓါးကိုစပိတ်နှင့် ဒင်္ဂါးကို ထောင့်နီအဖြစ် ပြောင်းလဲ ထုတ်ဝေခဲ့ကြတာဖြစ်တယ်။
ထို့ပြင် တားရော့မှာ အုပ်စုတစ်စုလျှင် ၁၄ ချပ်စီပါဝင်ပေမယ့် ကစားတဲ့ဖဲမှာတော့ ၁၃ ချပ်သာ ပါဝင်ပါတယ်။ ကစားတဲ့ဖဲမှာ ၁၃ ချပ်ပဲထားရခြင်းကတော့ ဘုရင်၊ ဘုရင်မနှင့် မင်းစေတို့ကို တော်ဝင် မိသားစုအဖြစ်သတ်မှတ်ပြီး နံပါတ် ၁ မှ ၁၀ အထိကိုတော့ တိုင်းသူပြည်သားတွေအဖြစ် သတ်မှတ်ခြဲ့က ပါတယ်။
ခေတ်အဆက်ဆက် သူရဲကောင်းအတော်များများဟာ သာမန်ပြည်သူတွေထဲက ပေါ်ထွန်းပြီး နိုင်ငံ သူရဲကောင်းဖြစ်လာကြတာဖြစ်ပါတယ်။ ထိုသူရဲကောင်းတွေက တော်ဝင်မိသားစုနဲ့ တိုင်းသူပြည်သားတွေကို ဆက်သွယ်ပေးတဲ့ အရေးပါအရာရောက်တဲ့ နေရာတိုင်းမှာ အသုံးဝင်တဲ့ဂျိုကာအဖြစ် သတ်မှတ်လိုက် ပါတယ်။ ထိုအချိန်မှစပြီး ယနေ့အချိန်အထိ ကစားတဲ့ဖဲကို တစ်ပုံစံထဲတွေ့ရခြင်းဖြစ်ပါတယ်။ ဂျစ်ပစီလူမျိုး တွေက ကစားတဲ့ဖဲနဲ့လည်း ဗေဒင်ဟောလို့ရအောင် ကျိုးစားအကြံဆောင်လာကြပါတယ်။
မကြာမီမှာဘဲ ကျိုးစားမှုဟာ အောင်မြင်တဲ့အတွက် ဂျစ်ပစီတွေက တားရော့ကိုရော ကစားတဲ့ဖဲနဲ့ပါ ဗေဒင်ဟောခဲ့ကြပါတယ်။ ၁၈၅၂ ခုနှစ်မှာတော့ တားရော့ဗေဒင်ပညာဟာ ဂျစ်ပစီတို့ရဲ့ ဗေဒင်ပညာမဟုတ်ပဲ ဂျူးတို့ရဲ့ မြင့်မြတ်တဲ့ ကဗလာကို အခြေခံထားတဲ့ ဗေဒင်ပညာသာဖြစ်ကြောင်း ကမ္ဘာကို ကြေငြာခဲ့ကြ ပါတယ်။
၁၈၈၈ ခုနှစ်မှာ အင်္ဂလန်နိုင်ငံမှာ ရွှေအရုဏ်ဦးဆိုတဲ့ တားရော့အသင်းကြီးကို တရားဝင် ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။ ထိုအသင်းကြီးမှာ ကမ္ဘာကျော်တားရော့ပညာရှင်ကြီးများနဲ့ ဂျူးဘာသာရေး ခေါင်းဆောင်များ ပါဝင်ကြပါတယ်။ နောက်ပိုင်း ပညာရှင်များက တားရော့ဟာ အဆင့်မြင့်မားလှတဲ့ ကဗလာစနစ်ကို အခြေခံတီထွင်ထားကြောင်း တညီတညွတ်ထဲ အသိအမှတ်ပြုခဲ့ကြပါတယ်။ တားရော့ကို ဂျစ်ပစီတွေ အသုံးများတာကြောင့် ဂျစ်ပစီပညာလို့ အလွယ်တကူထင်ကြပေမယ့် တားရော့ဟာ ဂျစ်ပစီပညာ မဟုတ်ပါဆိုတာ စာဖတ်သူများ နားလည်သဘောပေါက်ကြပါစေ။

deviantID

No deviantID yet.

Devious Info

No devious info yet.

deviantART Community Board

[x]

Comments


:icontayzar44:
Hello, How are you br? :D

--
Between Cradle And Grave, Here I Am Alone
:iconxmelissa:
Hello, welcome :aww:

--
♥ ..

Site Map